၁၉၉၇ ခုနှစ် မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော့် ကလေးဘဝ တောင်ငူမြို့ မှာ..တောင်ငူဆိုတာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဆိုရင် မြန်မာတစ်ပြည်လုံးမှာ အစည်ကားဆုံး၊ တစ်နိုင်ငံလုံးက အဆိုတော်တွေ အလှပြကားကြီးတွေနဲ့  ညလုံးပေါက် ဖျော်ဖြေတာပေါ့၊ ကျွန်တော့် အတွက် အဲဒီညတွေကို ဘာနဲ့ မှ မလဲနိုင်ဘူး အလှပြကားတွေနောက် တစ်ကောက်ကောက်လိုက်ရင်း နေ့ စဉ် ညလုံးပေါက်ကို အားပေးခဲ့တာ။ဘုရားပွဲနောက်ဆုံးညမှာ အင်္ကျီအဖြူ ဘောင်းဘီရှည် အဖြူကို ဝတ်ဆင်ပြီး ကျွန်တော် မသိတဲ့ ပိန်ပိန်ပါးပ်းနဲ့  လူတစ်ယောက် အလှပြကားပေါ်မှာ ဆိုတဲ့ "ပန်းခင်းလမ်းပဲ လျှောက်ပါအချစ်လေးရယ်.." ဆိုတဲ့ သီချင်းသံလေးက ကျွန်တော့်ကို တစ်ညလုံး ဖမ်းစားစေခဲ့ပါတယ်....။ တစ်ညလုံး အောက်ကလိုက်ဆိုရင် ချက်ချင်း သီချင်းကို အလွတ်ရသွားပါတော့တယ်...နောက်တစ်နေ့ အမေနဲ့  ဈေးကိုလိုက်သွားတော့ လဖ္ဘက်ရည်ဆိုင်ထဲက သီချင်းသံကို ကြားမိတော့ ဒီသီချင်းကို ငါသိပါတယ်ဆိုတော့မှ မနေ့ ညက ကျွန်တော်တစ်ညလုံး တစ်ကောက်ကောက် လိုက်လံအာပေးခဲ့တာ "ထူးအိမ်သင်" ဖြစ်နေခဲ့ပါတော့တယ်...ဆရာကိုငှက်ကြီးက ကျွန်တော့်ရင်ထဲကို အဲဒီလို ဝင်ရောက်ခဲ့ပါတော့တယ်... ကျွန်တော့် အတွက် "ထူးအိမ်သင်" ဆိုတာ ဘယ်တော့မှ သေသွားမှာ မဟုတ်ပါဘူး....။
၁၉၉၇ ခုနှစ် မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော့် ကလေးဘဝ တောင်ငူမြို့ မှာ..
တောင်ငူဆိုတာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဆိုရင် မြန်မာတစ်ပြည်လုံးမှာ အစည်ကားဆုံး၊ တစ်နိုင်ငံလုံးက အဆိုတော်တွေ အလှပြကားကြီးတွေနဲ့  ညလုံးပေါက် ဖျော်ဖြေတာပေါ့၊ ကျွန်တော့် အတွက် အဲဒီညတွေကို ဘာနဲ့ မှ မလဲနိုင်ဘူး အလှပြကားတွေနောက် တစ်ကောက်ကောက်လိုက်ရင်း နေ့ စဉ် ညလုံးပေါက်ကို အားပေးခဲ့တာ။
ဘုရားပွဲနောက်ဆုံးညမှာ အင်္ကျီအဖြူ ဘောင်းဘီရှည် အဖြူကို ဝတ်ဆင်ပြီး ကျွန်တော် မသိတဲ့ ပိန်ပိန်ပါးပ်းနဲ့  လူတစ်ယောက် အလှပြကားပေါ်မှာ ဆိုတဲ့ "ပန်းခင်းလမ်းပဲ လျှောက်ပါအချစ်လေးရယ်.." ဆိုတဲ့ သီချင်းသံလေးက ကျွန်တော့်ကို တစ်ညလုံး ဖမ်းစားစေခဲ့ပါတယ်....။ တစ်ညလုံး အောက်ကလိုက်ဆိုရင် ချက်ချင်း သီချင်းကို အလွတ်ရသွားပါတော့တယ်...
နောက်တစ်နေ့ အမေနဲ့  ဈေးကိုလိုက်သွားတော့ လဖ္ဘက်ရည်ဆိုင်ထဲက သီချင်းသံကို ကြားမိတော့ ဒီသီချင်းကို ငါသိပါတယ်ဆိုတော့မှ မနေ့ ညက ကျွန်တော်တစ်ညလုံး တစ်ကောက်ကောက် လိုက်လံအာပေးခဲ့တာ "ထူးအိမ်သင်" ဖြစ်နေခဲ့ပါတော့တယ်...
ဆရာကိုငှက်ကြီးက ကျွန်တော့်ရင်ထဲကို အဲဒီလို ဝင်ရောက်ခဲ့ပါတော့တယ်... ကျွန်တော့် အတွက် "ထူးအိမ်သင်" ဆိုတာ ဘယ်တော့မှ သေသွားမှာ မဟုတ်ပါဘူး....။